About Royal Land
Your Excellent Realty Partner!
-မင်္ဂလာပါ Royal Land အိမ်ခြံမြေ (ယခင်နန်းရွှေပြည်အိမ်ခြံမြေ)မှ နွေးထွေးစွာကြိုဆိုပါတယ်။
Royal Land အိမ်ခြံမြေကို ၂၀၁၃ ခုနှစ် သြဂုတ်လ၌ အမှတ်(၂၆)၊ ပျဉ်းမနား-တောင်ညိုလမ်းမကြီးဘေး၊ သပြေကုန်းအဝိုင်းနှင့် “လင်း”ကွန်ပျူတာဆိုင်အနီးတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ နေပြည်တော်မြို့နယ်အတွင်းရှိ အိမ်ခြံမြေများ ရောင်းချပေးခြင်း၊ ငှားရမ်းပေးခြင်း၊ ဝယ်ယူပေးခြင်း၊ ဈေးနှုန်းအကြံပေးခြင်း၊ ပါမစ်အမည်ပေါက် လျှောက်ထားပေးခြင်း၊ ဂရန်အမည်ပေါက် လျှောက်ထားပေးခြင်း၊ ဂရန်အမည်ပြောင်း လျှောက်ထားပေးခြင်း၊ အဆောက်အအုံဆောက်လုပ်ခွင့်များ တင်ပေးခြင်း၊ အထူးကိုယ်စားလှယ်လွှဲစာ လွှဲပြောင်းပေးခြင်း၊ အထွေထွေကိုယ်စားလှယ်လွှဲစာ လွှဲပြောင်းပေးခြင်း၊ စာချုပ်ချုပ်ဆိုပေးခြင်း..စသည့် အိမ်ခြံမြေဆိုင်ရာဝန်ဆောင်မှုများကို ၇နှစ်တိုင်တိုင် မှန်ကန်ခိုင်မာစွာဖြင့် ဆောင်ရွက်ပေးလျက်ရှိနေပါသည်။
၂၀၁၅ခုနှစ်တွင် နေပြည်တော်အိမ်ခြံမြေကဏ္ဍကို စိတ်ဝင်စားသူများ အဆင်ပြေလွယ်ကူစွာ ကြည့်ရှုလေ့လာနိုင်စေရန် နေပြည်တော်၏ ပထမဦးဆုံး အိမ်ခြံမြေရောင်းဝယ်ငှား ဝက်ဘ်ဆိုက်ဖြစ်သော www.royallandestate.com ကို ဖန်တီး တည်ထောင်ခဲ့ပါသည်။ www.royallandestate.com တွင် နေပြည်တော်ရှိ အိမ်ခြံမြေများကို အိမ်ခြံမြေအမျိုးအစား၊ ရပ်ကွက်၊ မြို့နယ်၊ ဈေးနှုန်း၊ မြေအကျယ်..စသည်ဖြင့် ရှာဖွေပြီး အဆင်ပြေလွယ်ကူစွာ ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ အိမ်ခြံမြေဗဟုသုတ၊ အိမ်ခြံမြေသတင်း၊ အိမ်ခြံမြေဆောင်းပါး၊ အိမ်ခြံမြေအမေးအဖြေ တို့ကိုလည်း ဝင်ရောက်လေ့လာ ဖတ်ရှုနိုင်ပါသည်။
၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် နေပြည်တော်အိမ်ခြံမြေပညာသင်တန်းကိုလည်း ဆရာကြီး ဦးကြည်စိုး (IC) အိမ်ဘုရင်၏ သင်တန်းပို့ချပေးမှုဖြင့် ဖွင့်လှစ်ပြုလုပ်ပေးနိုင်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ၌ သပြေကုန်း၊ ဧရာဝတီလမ်း၊ Mandalay Paradise Food Corner တွင် အိမ်ခြံမြေပညာဟောပြောဆွေးနွေးပွဲကို ဆရာကြီး ဦးကြည်စိုး(IC)နှင့်အတူ ကျင်းပပြုလုပ်ခဲ့ပါသည်။
Royal Land အိမ်ခြံမြေသို့ နှစ်စဉ် အပ်နှံထားသည့် အိမ်ခြံမြေများ၏ ၇၀% ကျော်ကို ဈေးနှုန်းမှန်ကန်စွာဖြင့် မြန်ဆန်သွက်လက်စွာ ရောင်းဝယ်ပေးလျက်ရှိပါသည်။ နေပြည်တော်ရှိ အိမ်ခြံမြေများကိုအချိန်တိုအတွင်း လျှင်မြန်ထိရောက်စွာ အရောင်းအဝယ်ဖြစ်စေရန်အတွက် တိကျသေချာသော Data Management System, Application Website, Mobile APK များအား ကိုယ်တိုင်ဖန်တီး တည်ဆောက်ထားပြီး ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်အောင် အစဉ်အမြဲ ကြိုးစားဆောင်ရွက်ပေးလျက် ရှိနေပါသည်။
Royal Land Real Estate
Your Excellent Realty Partner
Mobile – 095085600, 095143040, 095077890
our Milestones












MEET THE TEAM
Our Team


Kaung Sett
CEO & Web Developer
+9595085600
- Residential sales
- Commercial sales
- Property management

Shwe Phyu
Director
+9595143040
- Residential sales
- Commercial sales
- Property management
