real estate articles

မှတ်ပုံတင်အရှေ့နံပါတ်နှင့်အက္ခရာများ

By in real estate articles with 0 Comments

နိုင်ငံသားစိစစ်ရေးကတ် အရှေ့နံပါတ်နှင့် အက္ခရာများကို စာချုပ်စာတမ်းအမျိုးမျိုး ချုပ်ဆိုရာ၌လည်းကောင်း၊ အခြားအကြောင်းအရာအမျိုးမျိုးတွင် အသုံးပြုရာ၌လည်းကောင်း အဆင်ပြေစွာ အသုံးပြုနိုင်စေရန်အတွက် ရည်ရွယ်ပြီး Royal Land Real Estate မှ စုစည်းတင်ပြထားပါသည်။ နိုင်ငံသားစိစစ်ရေးကတ် ရှေ့နံပါတ်နှင့် အက္ခရာများ ၁/ ဖြစ်လျှင် ကချင်ပြည်နယ် ၂/ဖြစ်လျှင် ကယားပြည်နယ် ၃/ဖြစ်လျှင် ကရင်ပြည်နယ် ၄/ဖြစ်လျှင် ချင်းပြည်နယ် ၅/ဖြစ်လျှင် စစ်ကိုင်းတိုင်းဒေသကြီး ၆/ဖြစ်လျှင် တနင်္သာရီတိုင်းဒေသကြီး ၇/ဖြစ်လျှင် ပဲခူးတိုင်းဒေသကြီး ၈/ဖြစ်လျှင် မကွေးတိုင်းဒေသကြီး ၉/ဖြစ်လျှင် မန္တလေးတိုင်းဒေသကြီး ၁၀/ဖြစ်လျှင် မွန်ပြည်နယ် ၁၁/ဖြစ်လျှင် ရခိုင်ပြည်နယ် ၁၂/ဖြစ်လျှင် ရန်ကုန်တိုင်းဒေသကြီး ၁၃/ဖြစ်လျှင် ရှမ်းပြည်နယ် ၁၄/ဖြစ်လျှင် ဧရာဝတီတိုင်းဒေသကြီး (၁) ကချင်ပြည်နယ် (မြို့တော် – မြစ်ကြီးနားမြို့) ကချင်ပြည်နယ်တွင် ခရိုင်(၄)ခရိုင်၊ […]

Read More

နေပြည်တော်အကြောင်း

By in real estate articles with 0 Comments

မျက်မှောက်ခေတ် မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးမြို့တော်သစ်လို့ ပြောလိုက်တာနဲ့ နေပြည်တော်ကို ပြေးမြင်မိကြမယ်ထင်ပါတယ်။ မှန်ပါတယ်…၂၀၀၃ခုနှစ်ကနေ ၂၀၁၄ခုနှစ် ၁၁နှစ်ကြာ ဖန်တီးပုံဖော်ခဲ့တဲ့ မြိုတော်သစ်ကြီးဟာ ယနေ့အချိန်ခါမှာတော့ မြန်မာပြည်ရဲ့ အစိုးရရုံးများအားလုံး စိုက်ထူရာ အုပ်ချုပ်ရေးမြို့တော်ကြီးအဖြစ် ခန်းနားထည်ဝါစွာ ရပ်တည်နေခဲ့ပြီဖြစ်ပါသည်။ လမ်းပန်းဆက်သွယ်ရေး၊ ကောင်းမွန်ခြင်း၊ မြန်မာနိုင်ငံဗဟိုချက်၌ နေရာယူ တည်ဆောက်ထားခြင်း၊ မြို့တော်အင်္ဂါရပ်နှင့်ပြည်စုံပြီး လှပစနစ်ကျသော Landscape Designများဖြင့် ပုံဖော်တည်ဆောက်ထားခြင်းတို့ကြောင့် အုပ်ချုပ်မှုမြို့တော် အဖြစ်သာမက စီးပွားရေး အချက်အချာ မြို့တော်ကြီးအဖြစ်လည်း တဖြည်းဖြည်းနေရာယူလာတာကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ အစိုးရဝန်ထမ်းများအားလုံးသာမက စီးပွားရေးလုပ်ငန်းများပါမကျန် မိမိတို့ရဲ့ သက်ဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ နေပြည်တော်ဟာ မဖြစ်မနေ ပါဝင်ပါတ်သတ်လာရတဲ့ အရေးပါတဲ့မြို့တော်ကြီးအဖြစ် ပါဝင်လာရပြီဖြစ်ပါတယ်။ ဒီလိုအရေးပါအရာရောက်ပြီး ခန်းနားထည်ဝါလှတဲ့ မြန်မာပြည်ရဲ့ အချက်အချာမြို့တော် နေပြည်တော်ရဲ့ ထူးခြားအရေးပါလှတဲ့ […]

Read More

အိမ်ခြံမြေအရောင်းအဝယ် စာချုပ်ချုပ်ဆိုရာတွင် ပါဝင်သင့်သည့် အဓိကအချက်(၁၀)ချက်

By in real estate articles with 0 Comments

၁။ ပြည့်စုံတိကျသော စာချုပ်ခေါင်းစဉ် ရေးသားရန် ၂။ စာချုပ် ချုပ်ဆိုသည့် နေ့ရက်၊ လ၊ ခုနှစ်သက္ကရာဇ်တို့ကို မှန်ကန်စွာရေးသားရန် ၃။ စာချုပ်ပြုလုပ်ချုပ်ဆိုသည့်နေရာကို ရေးသားရန် ၄။ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးသူများအားလုံး (သက်သေများအပါအဝင်) ၏ အမည်၊ အဖအမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ တို့ကိုပြည့်စုံမှန်ကန်စေရန် သက်ဆိုင်သူများ အားလုံးကို ပြသစိစစ်အတည်ပြုပြီးမှ ရေးသားရန် ၅။ ရောင်းချသည့်တန်ဖိုးငွေ၊ စရန်ငွေ၊ ကျန်ငွေ စသည့်ငွေကြေးပမာဏများ ရေးသားရာတွင် ကိန်းဂဏန်းဖြင့်ရေးသားရမည့်အပြင်၊ (ကွင်းစ၊ ကွင်းပိတ်အတွင်း) စာသားဖြင့်ပါ ရေးသားဖေါ်ပြရန် ၆။ ငွေချေရန်နေ့ရက် စသည့် နေ့ရက်အချိန်ရွေးချယ်မှုကို လုပ်ငန်းဆောင်ရွက်ရန်နှင့် နှစ်ဦးနှစ်ဖက် အမှန်တကယ် အဆင်ပြေမည့်နေ့ရက်အချိန်ကာလကို သေချာစွာဆွေးနွေးရွေးချယ်သတ်မှတ်ပြီး တိကျစွာဖေါ်ပြရန် ၇။ စာချုပ်တွင်ပါဝင်ထည့်သွင်းချုပ်ဆိုမည့် ကမ်းလှမ်းချက်နှင့် သဘောတူညီချက်များ၊ လိုက်နာရန်ကတိဝန်ခံချက်များ၊ အပြန်အလှန်သဘောတူညီချက်များ၊ […]

Read More

မြေမျိုးကြီးများ

By in real estate articles with 0 Comments

မြေမျိုးကြီးများကို စိုက်ပျိုးသည့်သီးနှံ၊ စိုက်စရိတ်၊ သီးနှံထွက်ရှိမှု၊ ရေရရှိမှုတို့ကို အဓိက အခြေခံ၍ မြေအမျိုးအစားများကို ခွဲခြားထားကြောင်းမှတ်သား သိရှိရပါသည်။ RG (အစိုးရ ဆည်ရေသောက်လယ်) RP (ပုဂ္ဂလိက ဆည်ရေသောက်လယ်) R (မိုးကောင်းလယ်) TR (ကန်၊ ဆည်၊ ရေဝပ်လယ်) M (မုရင်းလယ်) Y (ယာ) G (ဥယျာဉ်) KY (ကိုင်းမြေရင့်) K (ကိုင်းမြေနု) D (ဓနိ) RR (ကြက်ပေါင်စေး) GB (ကွမ်းခြံ) GK (ကွမ်းသီးခြံ) TG (လက်ဖက်ခြံ) GT (ထန်းတော) GM (သရက်ခြံ) TY (တောင်ယာ) မြေခွန်စည်းကြပ်နိုင်ရန် မြေအတန်းအစားအလိုက် ခွဲခြားမှုများ ************************************************************ RG1 (ပထမတန်း အစိုးရဆည်ရေသောက်လယ်မြေ) […]

Read More

သိထားသင့်သော အိမ်ခြံမြေ အသုံးအနှုန်းများ

By in real estate articles with 0 Comments

Aluminium Sliding Door အလူမီနီယံ လျှောတံခါး Apartment တိုက်ခန်း Avenue ရိပ်သာ Aluminium Partition အလူမီနီယံ အကာ Air-Conditioner လေအေးစက် Attic ထပ်ခိုး Air Con System လေအေးပေးစနစ် Bedroom အိပ်ခန်း Balcony လသာဆောင် ၊ ဝရန်တာ Basic Building Services အခြေခံအဆောက်အအုံ ဝန်ဆောင်မှု Basement အခြေခံအောက်ဆုံးထပ် Bathroom ရေချိုးခန်း Bathtub ရေချိုးကြွေကန် Basin လက်ဆေးဇလုံ Barbed Wire သံဆူးကြိုး Beam ရက်မတန်း Bungalow တစ်ထပ်တိုက်လုံးချင်း Common Bathroom စုပေါင်းရေချိုးခန်း Condominium ကွန်ဒိုတိုက်၊ စုပေါင်းပိုင်ဆိုင်သော အဆင့်မြင့်အဆောက်အအုံ Cabinet […]

Read More

ဂရန်မြေ၏ပိုင်ရှင်အမည်ပြောင်းလိုလျှင်

By in real estate articles with 0 Comments

• ပြောင်းလိုသူ၏အမည်ဖြင့် ဝယ်ယူထားသောမှတ်ပုံတင်စာချုပ်လိုပါတယ်။ • ဝယ်တာမဟုတ်လည်း အမွေရတာ၊ စွန်.လွှတ်ကြတာ၊ တရားရုံးကအနိုင်ပေးတာစတဲ့ ခိုင်မာတဲ့စာချုပ်စာ တမ်းတင်ပြဖို.လိုပါတယ်။ • လေ ျှာက်ထားသူရဲ.မှတ်ပုံတင်မိတ္တူ၊ ပိုင်ဆိုင်ကြောင်း စာချုပ်နှင့် မြေခွန်ကြွေး ကျန်ကင်းရှင်းကြောင်းတို. တွဲတင်ရမှာပါ။ • အားလုံးပြည်စုံမှန်ကန်တယ်ဆိုရင် စည်ပင်သာယာရေးကော်မတီကပဲ အမည်ပြောင်းလဲခွင့်အမိန်.ချမှာပါ။ (မူရင်းဂရန်ပေါ်မှာ မင်နီနဲ.အမည်ပြောင်းပေးလေ့ ရှိပါတယ်) • ရန်ကုန်မြို.တော်စည်ပင်သာယာ၏ အမိန်. ၃/၂၀ဝ၁ – အပိုဒ် ၄(င)၏ လုပ်ပိုင်ခွင့်များအရ “ဂရန်မြေပိုင်ဆိုင်ခွင့်အမည်” လွဲပြောင်းပေးခြင်းသာ ဖြစ်ပါတယ်။ • လေ ျှာက်ထားသူ၏ ID မိတ္တူ ၊ ပိုင်ဆိုင်ကြောင်း အထောက်အထားစာချုပ်မူရင်းများ၊ မြေခွန်ကြွေးကျန် ကင်းရှင်းကြောင်း • လိုတာက(၃)ခုထဲပါ။ သို.သော်ပိုင်ဆိုင်ကြောင်း စာချုပ်မူရင်းတွေကတော့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ စနစ်တကျချုပ်ဆိုထားတဲ့ အမည်ပေါက်စာချုပ်ကလွဲလ ျှင် ဘာကိုမှလက်မခံဘူးလို.သာ […]

Read More

မြေငှားဂရန်သက်တမ်းတိုးမယ်ဆိုရင်

By in real estate articles with 0 Comments

မြေငှားဂရန်သက်တမ်းတိုးနဲ့ ဂရန်အသစ်လျှောက်မယ်ဆိုရင် သိသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ထိုသို. လျှောက် ထားက အမည်ပေါက် (သို.) မှတ်ပုံတင်စာချုပ် အဆင့် ဆင့်ဖြင့် ဝယ်ယူထားသည့် နောက်ဆုံးပိုင်ဆိုင်သူ၊ ပိုင်ဆိုင်မှုနှင့်ပတ်သက်သည့် တရားရုံးစီရင်ချက်နှင့် ဒီဂရီ ရယူထားသူကသာ လျှောက် ထားရပါမည်။ မြေငှားဂရန် သက်တမ်းတိုးလိုလျှင် • ကိုယ်တိုင်အမည်ပေါက်ဂရန်ကို သက်တမ်းတိုးရတာ ပိုလွယ်ပါတယ်။ • အမည်ပေါက်မဟုတ်လျှင် တော့ ပိုင်ဆိုင်ကြောင်းမှတ်ပုံတင်စာချုပ်တွေလိုပါတယ်။ • ဂရန်မူရင်းရဲ. Photocopy နဲ. မြေပုံတို.ပူးတွဲရပါမယ်။ • မြေခွန်ကြွေးကျန်ကင်းရှင်းကြောင်း (ကွာတားကြေးဖြတ်ပိုင်း)လိုပါတယ်။ (ဒါကိုလဲ ID မိတ္တူ နဲ.တကွ မြို.တော်စည်ပင်ကို တင်ရမှာပါ။ • ရန်ကုန်မြို.တော် စည်ပင်သာယာရေးကော်မတီ၏ အမိန်. -၃/၂၀ဝ၁-အပိုဒ် ၄ (ဃ)၏လုပ်ပိုင်ခွင့်များအရ ဂရန်တစ်စောင်အားသက်တမ်းတိုးမြှင့်ပေးခြင်းသာဖြစ်ပါသည်။ • သက်တမ်းကုန်ဆုံးသော […]

Read More

ဂရန်မြေကိုခွဲစိတ်မယ်ဆိုရင်

By in real estate articles with 0 Comments

ဂရန်မြေကို ခွဲစိတ်မယ်ရင် သိသင့်တဲ့အချက်တွေကို ဖော်ပြပါတယ်။ ဘိုးဘွားပိုင်မြေ၊ မြေပိုင်မြေနဲ့ ဂရန်မြေတွေကို ခွဲစိတ်နိုင်ပါတယ်။ ဂရန်ခွဲစိတ်ဖို့ ဆိုရင် (က) ခွဲစိတ်ပြီးမြေဟာ မျက်နှာစာ အနည်းဆုံးပေ (၂၀) ရှိရပါမယ်။ (ခ) ခွဲစိတ်ပြီး မြေဧရိယာ အနည်းဆုံး စတုရန်းပေ ၁၂၀၀ ရှိရပါမယ်။ (ဂ) ခွဲစိတ်ပြီး မြေကွက်အားလုံး ဝင်လမ်းထွက်လမ်း ရှိရပါမယ်။ စည်ပင်လမ်းမရှိရင် ပုဂ္ဂလိကလမ်း လျာထားရပါမယ်။ လျှောက်ထားရမှာလိုအပ်တဲ့ အထောက်အထား ၁။ နိုင်ငံသားစိစစ်ရေးကတ်မိတ္ထူ ၂။ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးအမိန့် ဒီဂရီ၊ သေတမ်းစာအတည်ပြု လက်မှတ်၊ အမွေဆက်ခံခွင့်လက်မှတ်၊ ကျမ်းကျိန်လွှာ၊ မှတ်ပုံတင်ထားတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (သို့) အထွေထွေ ကိုယ်စားလှယ်လွှဲစာ မိတ္ထူများ။ ၃။ မြေကွက်ရဲ့အစိတ်ပိုင်းဖြစ်ရင် ခွဲစိတ်မှုကို မြေကွက်ပူးတွဲပိုင်ရှင်ရဲ့ သဘောတူညီချက်နဲ့ သူ့ရဲ့မှတ်ပုံတင်မိတ္ထူတို့ […]

Read More

တိုက်ခန်းဝယ်ယူမယ့်သူတွေသိရှိထားသင့်တဲ့အချက်များ

By in real estate articles with 0 Comments

ရောင်းချမည့်သူက သူပိုင်ဆိုင်ကြောင်း၊ ရောင်းပိုင်ခွင့်ရှိကြောင်းတော့ ထုံးစံအတိုင်းပြောပါစေ။ မြေပိုင်/တိုက်ပိုင်ရှင်က လက်မှတ်ရေးထိုးပေး / မပေးကိစ္စကလည်း အရေးကြီးပါတယ်။ လစဉ်လခနှင့် အခြားဝန်ဆောင်ခများကိစ္စကို သေချာဆွေးနွေးပြီးမှ “ဈေးဆစ်တဲ့အလုပ်” ကိုလုပ်ကြပါ။ ရေမော်တာပါမစ်နှင့် လျှပ်စစ်မီးမီတာ ပါမစ်တို. တောင်းယူဖို. မမေ့ပါနှင့်။ အပျောက်တိုက်ခန်းဆိုတာကလည်း အိမ်ခြံမြေ (သို.) မရွှေ.မပြောင်းနိုင်သော ပစ္စည်းစာရင်းမှာ ပါဝင်နေပါတယ်။ မရွှေ.မပြောင်းနိုင်သော ပစ္စည်းကို ရောင်း/ဝယ်/ပေးကမ်းလုပ်မယ်ဆိုလျှင် နိုင်ငံတော် အစိုးရအသိ အမှတ်ပြုထားတဲ့ ပုဂ္ဂိုလ် (အရာရှိ) ရှေ.မှာ အရောင်းအဝယ်ပြုလုပ်မှ တရားဝင်ပါတယ်။ ယခုလောလောဆယ် အသိအမှတ်ပြုအရာရှိကတော့စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိ ဖြစ်ပါတယ်၊ (တိုင်းဆေးရုံအုပ်ကြီးတို.၊ ရုပ်ရှင်လုပ်ငန်းက ညွှန်ကြားရေးမှူးတို.ရှေ.မှာ လက်မှတ်ရေးထိုးလို. မရပါဘူးလို. ဥပမာပေးပါရစေ) ဒီတော့အပျောက်တိုက်ခန်းတွေရဲ. ပိုင်ဆိုင်မှုကို ဘယ်လို လုပ်ကြပါ့မလဲ။ ပထမအဆင့် မရတော့လဲ ဒုတိယအဆင့်ပေါ့။ စာချုပ်စာတမ်း မှတ်ပုံတင်အရာရှိရှေ.ကို ရောက်ဖူးတယ်။ […]

Read More

ဂရန်မြေနဲ့လယ်ယာမြေပုံစံ၇

By in real estate articles with 0 Comments

ဒီနေ. လယ်ယာမြေတွေဟာ ဂရန်မြေ သို.မဟုတ် မြေဌားစာချုပ်တို.နဲ. ပုံသဏ္ဌာန် အတော်လေး တူသွားပါပြီး။ စနစ်ကျသွားပြီးလို.ပြောရင် ပိုမှန်ပါတယ်။ ဒီတော့ နည်းနည်းပါးပါးလေး လွဲရင် အများစုတူနေတဲ့ ဂရန်မြေအကြောင်းကို နံပါတ်လေးတွေနဲ. ရေးပြမယ် ။ အဲဒါ ဒီနေ. “လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ ၇)” ပါပဲ။ ဂရန်မြေ (မြေဌားစာချုပ်မြေ) 1. မြေ၏ ပင်ရင်းပိုင်ရှင်မှာ နိုင်ငံတော်ပင် ဖြစ်ပါသည်။ 2. သားစဉ်မြေးဆက် လက်ဝယ်ထားပိုင်ခွင့် ရှိသည်။ 3. မိမိမြေပေါ်မှ အကျိုးအမြတ်တို.ကို ခံစားပိုင်ခွင့် ရှိသည်။ 4. မိမိဆန္ဒအလျောက် ရောင်းချပိုင်ခွင့် ရှိသည်။ 5. ပေါင်နံှပိုင်ခွင့် ရှိပါသည်။ 6. ဌားရမ်းပိုင်ခွင့် ရှိပါသည်။ 7. လဲလှယ်ပိုင်ခွင့်လည်း ရှိပါသည်။ 8. ပေးကမ်းပိုင်ခွင့်လည်း […]

Read More