မြေပုံမြေရာဇဝင်

By in real estate articles with 0 Comments

မရွှေ. ဖြစ်တဲ့မြေကို အရောင်းအဝယ်လုပ်ပြီဆိုတာနဲ. မြေပုံမြေရာဇဝင်ဆိုတာ ပါလာပါပြီ။
မြေတစ်ကွက်ကိုဝယ်မယ်ဆိုရင် “မြေပုံမြေရာဇဝင်” ကို အရင်စစ်ဆေးရမယ်လို. ဥပဒေတွေမှာ ပါပါတယ်။
“မြေပုံစာရွက်ရယ်” ၊ “မြေရာဇဝင်စာရွက်ရယ်” နှစ်ရွက်ပေါင်းပြီး မြေပုံမြေရာဇဝင်လို. ခေါ်ကြတာပါ။
မြေပုံမြေရာဇဝင်ကို အသုံးပြုကြတာပုံစံအမျိုးအမျိုးရှိပါတယ်၊ လူသိအများဆုံးကတော့ အိမ်ခြံမြေအရောင်း အဝယ်စာချုပ်ချုပ်တဲ့အခါပေါ့။
စာချုပ်စာတမ်းမှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ (၂၁) တွင်မရွှေ.မပြောင်းနိုင်သော ပစ္စည်းရောင်းဝယ်၊ ပေးကမ်း၊ စွန်.လွှတ်စသည့်စာချုပ်များ မှတ်ပုံတင်ချုပ်ဆိုလ ျှင် “မြေပုံမြေရာဇဝင်” မပါရှိခဲ့လ ျှင်လက်ခံချုပ်ဆိုခြင်းမပြုရလို.ပါရှိပါတယ်။
မြေပုံမြေရာဇဝင်ဆိုသည်မှာ နှစ်စဉ်အမြဲပြောင်းလဲအတည်ပြုရေးဆွဲနေရပါသော “မြို.ပြမြေစာရင်း” မှ ကောက်နုတ်ချက်မိတ္တူသာဖြစ်ပါ၍ မှန်ကန်မှုရှိ/မရှိဆိုတာကို အိုးအိမ်ဦးစီးဌာန (သို.) မြို.တော်စည်ပင်တို.တွင်သာ တိုက်ဆိုင်စစ်ဆေးနိုင်ပါသည်။
မြို.နယ်မြေစာရင်းကထုတ်ပေးတဲ့ ပုံစံ ၁၀၅ မြေပုံ။ ပုံစံ ၁၀၆ ကမှမြေရာဇဝင်၊ အဲဒီ (၂)ရွက်ပေါင်းကိုမြေပုံမြေရာဇဝင်လို.ခေါ်ပါတယ်။ မြို.တော်စည်ပင်ကထုတ်ပေးတဲ့ မြေပုံကလေးပါတာကိုမြေပုံ။ မြေရာဇဝင်ပါတဲ့ စာရွက်ကိုမြေရာဇဝင်လို.ခေါ်ပြီး (၂)ရွက်ပေါင်းလိုက်တော့ မြေပုံမြေရာဇဝင် ဖြစ်သွားပါတယ်။
သို.သော် အိမ်သစ်ဆောက်ရင်၊ အကြီးစားပြင်ရင်၊ မှတ်ပုံတင်စာချုပ်ချုပ်ရင်၊ အဝီစိတွင်းတူးရင်၊ မြေကွက်ခွဲရင်၊ ခြံစည်းရိုးခတ်ချင်ရင် ၊ မှတ်တမ်းထားချင်ရင် မြို.တော်စည်ပင် မြို.ပြမြေယာစီမံခန်.ခွဲမှုဌာနမှာ လေ ျှာက်ထားထုတ်ယူလို.ရပါတယ်။

ဆရာကြီးဦးကြည်စိုး IC (အိမ်ဘုရင်)၏ခွင်ပြုချက်ရယူမျှဝေပါသည်။

Share This

Leave a Reply

Your email address will not be published. Required fields are marked *