ဂရန်ဆိုတာ မြို.တော်စည်ပင်သာယာက ထုတ်ပေးတာ
“ဂရန်” လို.ပြောရင်လူတိုင်းသိတဲ့ “မြေဌားစာချုပ်” ဆိုတာက မြို.တော်စည်ပင်ရဲ.အမိန်.ကြော်ငြာစာအမှတ် ၃/၂၀၀၁ အပိုဒ်(၄)(ဂ)ရဲ. လုပ်ပိုင်ခွင့်နဲ. ထုတ်ပေးတာပါခင်ဗျား၊ ထုတ်ပေးလိုက်တဲ့ ဂရန်နဲ.အတူလူနေထိုင်ခွင့်ကိုပါ ပေးနိုင်တာပါ။ အဲဒီအပိုဒ်(၄)(ဃ)မှာက ထုတ်ပေးလိုက်တဲ့ ဂရန်ရဲ. သက်တမ်းလိုလဲ သတ်မှတ်ဖို. အခွင့်အာဏာရှိပြီးသားခင်ဗျ။ ဥပမာ ၁၅-နှစ်၊ နှစ်-၃၀၊ နှစ်-၆၀ စသဖြင့်ပေါ့ဗျာ။
အဲဒီလိုဂရန်သက်တမ်းကို သတ်မှတ်နိုင်တဲ့အပြင် ဂရန်သက်တမ်းကိုလဲ တိုးပေးနိုင်သေးတယ်ဗျ၊ အခု
ကျွန်တော်တို.အများစုလက်ထဲမှာရှိတဲ့ နှစ်-၆၀ ဂရန်လိုပေါ့ဗျာ။ နှစ်-၆၀သာပြောတာ၊ ၁၅-နှစ်တစ်ခါ
ငွေပေးဆောင်ပြီး သက်တမ်းတိုး နေရတာပဲလေဗျာ။ ပြီးတော့ ဂရန်စည်ကမ်းချက်တွေနဲ.မညီရင် ဂရန်ကိုလဲ ပြန်သိမ်းနိုင်တယ်။ မြေကိုပါပြန်သိမ်းလို.ရတယ်လို.ပဲ ပြောရမှာပေါ့။
လိုင်စင်မြေများနှင့် ပါမစ်မြေများကိုလည်း
ခင်ဗျားတို. ကျွန်တော်တို. အခုရောင်းဝယ်နေကြတဲ့ လိုင်စင်၊ ပါမစ်မြေတွေကိုလည်း ခုနကဖော်ပြတဲ့
လုပ်ပိုင်ခွင့်များနဲ. ထုတ်ပေးနိုင်ပါတယ်၊ သက်တမ်းလည်း သတ်မှတ်ပေးနိုင်တယ်၊ သက်တမ်းလည်း
တိုးပေးနိုင်တယ်၊ စည်းကမ်းနဲ.မညီရင် ပြန်ပြီးတော့လဲ သိမ်းဆည်းနိုင်တယ်ပေါ့ဗျာ။
စည်ပင်မှချမှတ်ထားပေးသည့် လိုင်စင်နှင့်ပါမစ်တို.သည် ဂရန်လောင်းများသာဖြစ်သည်
လိုင်စင်နဲ. ပါမစ်မြေတွေကို ကျွန်တော်ကတော့ “ဂရန်လောင်းမြေ” တွေလို.ပဲ အမည်ပေးထားပါတယ်၊ ဥပမာဗျာ … ခင်ဗျားတို.ဝယ်မယ်လို.လုပ်နေတဲ့မြေကွက်ရဲ.ပါမစ်ကိုကြည့်ပြီး ဒီမြေကွက်က ဂရန်လေ ျှာက်တာ(၂)ခါရှိပြီဗျာ ၊ ဘာပြုလို. “ဂရန်” မရတယ် မသိဘူးလို.အခိုင်အမာပြောလာတဲ့သူရှိရင် ဒီမြေကွက်ကို ခင်ဗျားဝယ်ရဲအုံးမှာလား။
“လိုင်စင်” ၊ “ပါမစ်” တို.နဲ. နေထိုင်ကြတဲ့ မြေကွက်တွေဟာ တစ်ချိန်မှာ “ဂရန်” မြေဖြစ်ကိုဖြစ်ကြရမှာပါ၊ ဒါကြောင့် ကျွန်တော်က မှတ်လို.လွယ်အောင် “ဂရန်လောင်းတွေ” လို.အမည်ပေးထားတာပါဗျာ၊ “ဂရန်” လေ ျှာက်လို.မရဘူးဆိုတာ အမှားအယွင်းတစ်ခုခုရှိနေလို.ပေါ့ဗျာ၊ ဒါတွေကို နောက်တော့သင်ပါ့မယ်။ ခုတော့ ဒီလိုင်စင်၊ ပါမစ်တွေ စည်ပင်ရဲ.လုပ်ပိုင်ခွင့်တွေက လာတယ်လို.ပဲ မှတ်ထားကြပါအုံး။
နာမည်ပြောင်းချင်စည်ပင်တင်
မြေကွက်တစ်ကွက်မှာ ပိုင်ရှင်အမည် “ဦဖြူ” ပေါက်နေရာကနေ၊ ပိုင်ရှင် “ဦးနီ” ဖြစ်ဖို.အဆင့်တွေအများကြီးရှိပါတယ်၊ ဘယ်အဆင့်တွေမှာ ဘယ်ဘောက်ခိုင်မာပါစေ ရန်ကုန်မြို.တော်စည်ပင်ကို ရောက်မလာ
ဘဲနဲ.တော့ မြေကွက်ပိုင်ရှင်အမည်ပြောင်းလို. မရပါဘူးခင်ဗျား။
ဒီတော့၊ ဒီလိုမှတ်ကြပါဗျာ။ ခင်ဗျားတို.ရဲ.မြေကွက်အမည်ပြောင်းချင်လား။ မြေကွက်ချင်းလဲလှယ်ချင်လား၊
မြေကွက်ကို တိုင်းတာချင်သလား၊ မြေကွက်ကို ခွဲချင်သလား။ သက်သေခံဝင်တဲ့ မြေပုံမြေရာဇဝင်ထုတ်ချင်သလား၊ အရောင်းအဝယ်ကဲ့သို.သော ကိစ္စတစ်ခုခုအတွက် မြေကွက်တန်ဖိုး ဖြစ်ချင်သလား၊ အဲဒီအပိုဒ်(၄) အပိုဒ်ခွဲ(င)ရဲ. လုပ်ပိုင်ခွင့်များအရ မြို.တော်စည်ပင်သာယာရေးကော်မတီက စီမံခန်.ခွဲပိုင်ခွင့် ရှိပါတယ်ဗျာ။
ဆရာ များလှချည့်လားဆရာရဲ.လို.လဲ တစ်ယောက်ကပြောရော၊ ဒါလောက်နဲ.မပြီးသေးပါဘူးခင်ဗျား၊
မြို.တွင်း၊ မြို.ပြင်မီးလောင် ကြည့်ပါလား လိုအပ်တယ်ထင်လိုကတော့ဗျာ စည်ပင်ကကွပ်ကဲမှာ၊ ပြီးတော့
မြစ်ချောင်းကမ်းပါးမှာရေကြောင့်ဖြစ်တဲ့ သဘာဝဘေးကနေ ပြန်ပေါ်လာတဲ့ရေထဲကပေါ်လာတဲ့မြေတွေကိုလဲ နေရာချထားဖို. လိုအပ်လာရင် စည်ပင်မှာသာ လုပ်ပိုင်ခွင့် ရှိပါတယ်တဲ့ဗျာ။
နောက်ပြီးတော့ သုသန်ဟောင်းက မြေကြီးတွေကိုလည်း မြို.ပြဖွံ.ဖြိုးမှုအတွက် စီမံမှုပြုရာမှာလဲ မြို.တော်စည်ပင်မှာပဲ လုပ်ပိုင်ခွင့်ရှိနေပါတယ်။ ဟုတ်ပါပြီ၊ ဒီလိုဆက်စပ်ပတ်သက်မှုတွေကို ခင်ဗျားတို. မှတ်လို.
လွယ်အောင် ကဗျာလိုလိုဘာလိုလို အတိုကောက်ရေးပေးရမယ်ဆိုရင်
ဂရန်၊ လိုင်စင်၊ ပါမစ်။ ပေးနိုင်၊ တိုးနိုင်၊ သိမ်းနိုင်။
• မြေလဲ၊ မည်ပြောင်း၊ မြေတိုင်း ။ မြေခွဲ၊ မြေပုံ၊ တန်ဖိုးဖြတ်နိုင်။
• မီးလောင်ပြင်ကမြေ၊ ရေကပေါ်တဲ့မြေ၊ သုသန်ဟောင်းကမြေ။ စည်ပင်နှင့်သာဆိုင်သည်ပေါ့ဗျာ။ ဒါက
မြို.တော်စည်ပင်ရဲ. အမိန်.ကြော်ငြာစာအမှတ် ၃/၂၀၀၁ ရဲ.လုပ်ပိုင်ခွင့်အချို.ကိုပဲပြောတာနော်။
ခင်ဗျားတို. ကျွန်တော်တို. အိမ်ခြံမြေလုပ်ကိုင်မယ့်သူတွေ သိသင့်သိထိုက်တာကိုကောက်နုတ်ပြီးပြောပြတာနော်၊ ဟောဒီမှာ “မူရင်းဥပဒေနဲ.အမိန်.ကြော်ငြာစာ” တွေလေ့လာကြည့်နိုင်တယ်လို.ပြောပြီးစာအုပ်ကြီးကြီးတစ်အုပ်လည်း ထုတ်ပေးလိုက်ရော၊
တော်ပါပြီဆရာရယ်၊ ကျွန်တော်တို.တစ်တွေ ခုနကရေးပေးတဲ့ “ဂရန်၊ လိုင်စင်၊ ပါမစ်ပေးနိုင်၊ တိုးနိုင်၊
သိမ်းနိုင်ပါတယ်၊ (၃)ကြောင်းပဲ အလွတ်ကျက်ပါတော့မယ်၊ သဘောလည်းပေါက်သွားပါပြီတဲ့။
သင်တန်းသားတွေ တကယ်သဘောပေါက်သွားပုံရပါတယ်၊ ဒါနဲ. ကျွန်တော်က ကဲဗျာအားတော့နာတယ်
မပြီးသေးဘူးဆိုပြီး
ခင်ဗျားတို.ကို ကျွန်တော်သင်ရမှာက “အိမ်ခြံမြေ” နဲ.ပတ်သက်တဲ့ကိစ္စတွေမှာလေဗျာ။ အခုစည်ပင်နဲ.ပတ်
သက်တဲ့ ကိစ္စတွေမှာ “ခြံနဲ.မြေ” ပဲ ပြောရသေးတယ်၊ “အိမ်” ဆိုတာကျန်ပါသေးတယ်ဗျာ။ “အိမ်” ဆိုတာက လူနေတဲ့အဆောက်အအုံကိုခေါ်တာ။
အုတ်၊ အင်္ဂတေ၊ ကွန်ဂရစ်၊ သွပ် တို.နဲ. ဆောက်တဲ့အိမ်ကို “တိုက်အိမ်” ၊ “ဝါး၊ ဓနိ၊ သက်ကယ်” ၊ တို.နဲ့
ဆောက်တဲ့အိမ်ကို “တဲအိမ်” တဲ့၊ “တိုက်” နဲ.နေနေ၊ “တဲ” နဲ.နေနေစည်ပင်နဲ. ပတ်သက်ပါပြီကောဗျာ။
ရန်ကုန်မြို.တော်စည်ပင်ရဲ. အမိန်.ကြော်ငြာစာအမှတ် ၉/၉၉ မှာ “လူနေတဲ့အဆောက်အအုံမှန်သမ ျှ
စည်ပင်နဲ.ဆိုင်တယ်လို. ဖွင့်ဆိုထားပါတယ်။ တစ်ခုချင်းပြောပြပါ့မယ်၊ မှတ်ပါ၊ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတစ်ခုကို တည်ထောင်မည့်သူဆိုတာ အကုန်သိထားရပါမယ်။
အကြီးစားပြင်ချင် ကော်မတီတင်
အဆောက်အအုံတစ်ခုကို ရှိရင်းပုံသဏ္ဌာန်မပြောင်းလဲရဘူး၊ တိုးချဲ.ခြင်း၊ မြှင့်ခြင်း၊ နှိမ့်ခြင်းမပြုလုပ်ရဘဲ ခိုင်ခံအောင်ပြင်တာကို ခေါ်တာပါ၊ “ကြိုတင်ခွင့်ပြုမိန်.” ကိုမြို.တော်စည်ပင်သာယာရေးကော်မတီကို
တင်ပြတောင်းခံရပါတယ်လို. အဲဒီအမိန်.ကြော်ငြာစာအပိုဒ် ၂(စ) မှာ ပါရှိပါတယ်။
အသေးစားပြင်ချင် မြို.နယ်တင်
အဆောက်အအုံတစ်ခု၏ အတွင်းပိုင်းကို မူလပစ္စည်းအစားတို.နဲ. ရှိရင်းပုံစံမပြောင်းလဲပဲ ပြင်ဆင်ခြင်းကို ခေါ်ပါတယ်၊ သာမန်အားဖြင့် မြို.နယ်စည်ပင်သာယာရေးကိုခွင့်ပြုမိန်.တောင်းရပါတယ်၊
လမ်းမကျယ်နဲ.လူမြင်ကွင်းအဆောက် အအုံတွေအတွက်ကတော့ မြို.နယ်ရဲ.ထောက်ခံချက်နဲ. မြို.တော်စည်ပင်သာ
ယာရေးကော်မတီကို တင်ဖို.လိုပါတယ်။ အဲဒါက ၉/၉၉ ရဲ. အပိုဒ် ၂(ဆ)ပါဗျာ။
အသစ်ဆောက်ချင် ကော်မတီတင်
ဘယ်အရပ်မှာပဲဆောက်ဆောက် အသစ်ဆောက်မယ်ဆိုရင် သတ်မှတ်ချက်များနဲ.အညီမြို.တော်စည်ပင်သာယာရေး ကော်မတီကို တင်ပြလေ ျှာက်ထားရမယ်လို. အပိုဒ်(၃)မှာဆိုထားပါတယ်။
ခွင့်ပြုပုံစံအတိုင်းဆောက်
မြို.တော်စည်ပင်သာယာရေး ကော်မတီက ခွင့်ပြုလိုက်တဲ့ပုံစံအတိုင်းသာ ဆောက်လုပ်ရပါမယ်လို.လဲ
အပိုဒ်၆(ခ)မှာ လမ်းညွှန်ထား ပါသေးတယ်။
ဆောက်လုပ်ပြီးရင် B.C.C တင်တဲ့
စည်ပင်သာယာနယ်နိမိတ်အတွင်းမှာ ဆောက်လုပ်ပြီးစီးတဲ့အဆာက်အအုံမှန်ရင်ဆောက်လုပ်ပြီးစီးနေ.မှ ရက်ပေါင်း(၃၀)အတွင်း စည်ပင်သာယာရေးကော်မတီကိုစာဖြင့်တင်ပြရမယ်လို.လဲ အပိုဒ်၁၆(က)မှာ ဆိုထားတယ်နော်။ ကွဲလွဲလို.တော့ ပြန်ဆောက်ရမည်။
ဆောက်လုပ်ပြီးလို.ကတော့ B.C.C တင်ရတယ်၊ တင်ရင်စစ်မှာပဲ၊ စိစစ်ခွင့်ပြုထားတဲ့အဆောက်အအုံပုံစံနဲ. ဆောက်လုပ်ထားတာနဲ. ကွဲလွဲချက်ရှိလို.ကတော့ B.C.C မရဘဲ၊ ပြန်ပြင်ဆောက်ဖို. ညွှန်ကြားလွှာပဲရောက်လာမှာပါ။ ဒါက ၉/၉၉ရဲ. အပိုဒ် -၁၈(ခ) မှာပါ။
(၅)နှစ်အတွင်းပြီးရမယ်
အဆောက်အအုံတစ်ခု ဆောက်လုပ်ရာမှာ (၅)နှစ်အတွင်း ပြီးစီးခြင်းမရှိလို.ကတော့မြို.တော်စည်ပင်သာယာရေးကော်မတီက ညွှန်ကြားပါတယ်။ မရသေးဘူးဆိုရင်လည်းမပြီးပြီးအောင် ကော်မတီက ကြပ်မတ်ပြီးဆက်ဆောက်သွားမှာနော်။ ကုန်ကျစရိတ်နဲ.ဒဏ်ကြေးတွေ တို.လားနိုင်စရာရှိတာပေါ့။ အဲဒါက
အမိန်.ကြော်ငြာစာအမှတ် ၉/၉၉ ရဲ. အပိုဒ် ၂၅ပါဗျာ။
ကွက်လပ်ကိုလည်းဆောက်ခိုင်းနိုင်တယ်
ကျွန်တော်တို.အလွတ်ထားတဲ့ မြေကွက်ပေါ်မှာ အဆောက်အအုံဆောက်ဖို.လိုအပ်သည်ဟု ကော်မတီကယူဆခဲ့လ ျှင် သတ်မှတ်သည့်ပုံစံအတိုင်းဆောက်လုပ်ဖို.မြေကွက်ပိုင်ရှင်ကိုညွှန်ကြားနိုင်တဲ့ လုပ်ပိုင်ခွင့်က အပိုဒ်၂၈(က)။
ဆရာ၊ မစုံသေးဘူးလားလို. သင်တန်းသားတစ်ယောက်က ထောက်လာပြန်ပါတယ်။
ဟုတ်ပါပြီ အခုထပ်ပြောစရာက…ဖျက်ခိုင်းတာ၊ မဖျက်ရင်လဲ ဒဏ်ထိ
လိုအပ်ချက်ကြောင့် ဖြိုဖျက်ရန် သက်ဆိုင်ရာက ပိုင်ရှင်ကို ညွှန်ကြားနိုင်တယ်၊ ပိုင်ရှင်ကသတ်မှတ်ကာလအတွင်း ဖြိုဖျက်ခြင်း မပြုဘူးဆိုလ ျှင် မြို.တော်စည်ပင်ဥပဒေ ၅၉၊ ၆၀၊ နှင့် ၆၁တို.အရ လျော်ကြေးတောင်း
တယ်၊ ဒဏ်ဆောင်ရမယ်၊ အဖျက်လဲခံရမယ်ပေါ့၊ ဒါက ၉/၉၉ရဲ. အပိုဒ်၂၉(ဃ)ပါခင်ဗျ။
ဒါတွေကို အကြမ်းအားဖြင့်သိထားတော့ ကိုယ်ဝယ်မယ့် တိုက်ခြံကစလို. အကျိုးဆောင်ပေးမယ့်ပစ္စည်းတွေမှာလည်း အမှားအမှန် ဆုံးဖြတ်နိုင်တာပေါ့ဗျာ၊ “Underline” ထားတဲ့ခေါင်းစဉ်လေးတွေကိုပဲ သဘောပေါက်ထားရင် ပြီးပါတယ်။
ရန်ကုန်မြို.တော်စည်ပင်ရဲ. ဥပဒေ၊ အမိန်.ကြော်ငြာစာတွေနဲ. ပတ်သက်ပြီး၊ ကျွန်တော်တို.လုပ်ငန်းနဲ.သက်ဆိုင်တဲ့ကိစ္စပါးပါးလေးတွေကိုပဲ သင်တာပါ။ အိမ်ခြံမြေလုပ်ငန်းဆိုတာဗဟုသုတများလေ ကောင်းလေပဲမို.အိမ်ပြန်ရောက်ရင် တစ်ခေါက်လောက်ထပ်ဖတ်ကြဖို.တိုက်တွန်းလိုက်ပါတယ်။
ဆရာကြီးဦးကြည်စိုး IC (အိမ်ဘုရင်)၏ခွင်ပြုချက်ရယူမျှဝေပါသည်။