အိမ်ခြံမြေ အမွေခွဲကြလျှင်

By in real estate articles with 0 Comments

များသောအားဖြင့် ဒီဇယားရဲ.အစီအစဉ်အလိုက်အမွေခွဲဝေပေးနေတာကို တွေ.နေရပါတယ်။
သေဆုံးသူ၏
(၁) ဇနီး ၊ ခင်ပွန်း
(၂) သားသမီးများ (မွေးစား/လင်ပါ/မယားပါ)
(၃) မြေးများ
(၄) မြစ်များ
(၅) ညီအစ်ကိုမောင်နှမများ
(၆) မိဘများ
(၇) ဘိုးဘွားများ
(၈) တူ/ တူမများ
(၉) ဦးကြီး/ ဦးလေး၊ ဒေါ်ကြီး/ဒေါ်လေး
(၁၀) တူ/တူမ၏ သားသမီးများ
(၁၁) တစ်ဝမ်းကွဲညီအစ်ကိုမောင်နှမများ
ရပ်ကွက်ထဲမှာပြေကြပါတယ်။ အဖိုးကြီးကချမ်းသာတယ်ကွ၊ အဖိုးကြီးဆုံးသွားတော့ အဖွားကြီးပွတာပဲဟေ့၊ ဇိမ်ပဲကွာ၊ သားသမီးကလဲမရှိဘူး။ အဲဒီလိုပြောကြတာအလကားပြောကြတာမဟုတ်ပါဘူး၊ ဥပဒေမှာကိုက လင်သေလ ျှင် မယား၊ မယားသေလ ျှင် လင်ကအမွေရမယ်တဲ့။
အဖေအမေဆုံးကုန်ကြတော့ ဒီကောင်တစ်ကောင်တည်း အမွေတွေရမှာပေါ့ကွ။ ကျန်တဲ့တူတူမတွေက ဘယ်ရမလဲကွလို. ပြောတတ်ကြပါတယ်။ ဒါလဲဥပဒေက မိဘဆုံးလ ျှင် သားသမီးရမယ်တဲ့။
ပျဉ်းမနားဒေါ်ပုတို.များ ချမ်းသာလိုက်တာကွာ၊ သူ.မြေတွေအထိ အမွေနဲ.သူဌေးတွေဖြစ်နေကြတယ်ပြောတာ။ ကျွန်တော်ကိုယ်တိုင်ကြားဖူးပါတယ်။ ဒါလဲဥပဒေထဲ “သားသမီး” ပြီးလ ျှင် “မြေး” တွေရမယ်တဲ့။
ဒီတော့ရပ်ကွက်ထဲမှာ စိတ်ကူးနဲ.အမွေခွဲနေနေကြတာ၊ ခြေလွတ်လက်လွတ်မဟုတ်ကြပါ။ ဥပဒေမှာထင်ရှားပြတ်သားစွာ ဖွင့်ဆိုထားပြီးဖြစ်၍သာရဲရဲဝင့်ဝင့်ပြောနေကြခြင်းပါ။ သို.သော် ဥပဒေမှန်းသိပြီးပြောကြရင်တော့ ပိုင်ကောင်းတာပေါ့။ အဲဒီလိုအရေးထားခွဲကြယူကြတာတွေက “အိမ်ခြံမြေ” အမွေတွေပါ။

ဆရာကြီးဦးကြည်စိုး IC (အိမ်ဘုရင်)၏ခွင်ပြုချက်ရယူမျှဝေပါသည်။

Share This

Leave a Reply

Your email address will not be published. Required fields are marked *