အိမ်ခြံမြေ အမွေရဖို့ သေချာတဲ့ နည်း

By in real estate articles with 0 Comments

အိမ်ခြံမြေ အမွေရဖို့ သေချာတဲ့ နည်း

❖ လုပ်နည်းက လွယ်လွယ်လေးပါ။ ( ဒါပေမယ့် သိပ်ပြီးတော့ ထိရောက်ပါတယ်)

❖ မိသားစုစီမံမှု လုပ်ထားရင် မိသားစုတွင်းမှာ အိမ်ခြံမြေအမွေမှု မဖြစ်နိုင်တော့ဘူး။

❖ ဒါကြောင့် မိသားစုစီမံမှုကို လုပ်ကြဖို့ မြန်မာ့ ဥပဒေပညာရှင်ကြီးများက အမြဲတိုက်တွန်းခဲ့ ကြတယ်။ ပညာပေးခဲ့ကြတယ်။ အဲဒါနှစ် (၁၀၀) ကျော်တိုင်ခဲ့ပြီ။ (သို့သော် တချို့တချို့တွေက တော့ ဖုံးကြတယ်ဗျာ။ ဖွက်ကြတယ်ဗျာ။ ပညာပေးတဲ့သူကတစ်ဖွဲ့၊ လူတွေမသိအောင် လိုက်ကာနေတဲ့ သူတွေကလည်း တစ်ဖွဲ့ပါ)

❖ ပစ္စည်းရှင်ကွယ်လွန်ပြီးနောက် အိမ်ခြံမြေအမွေ များကို မည်သို့ ခွဲဝေယူကြ ရမည်ဆိုသော မိသားတစ်စု၏ စီမံမှုကို မိသားစုစီမံမှု ဟုခေါ်ပြီး ၁၉၆၆ ဦးဘဖေနှင့် မချိုတီ မတစ ၇၂၇၊ စီရင်ထုံးနှင့် ဒေါက်တာဦးမောင်မောင်၊ မြန်မာဓလေ့ထုံး ၁၉၆၃/၁၀၄ အပြင် စီရင်ထုံးများစွာမှာ ထင်ရှားစွာ ဖော်ပြထားပါသည်။

❖ မိသားစုစီမံမှု ပြုလုပ်ရာတွင် အမွေဆက်ခံခွင့် မရှိသူများ ပါဝင်ချုပ်ဆိုရေးသားခွင့် မရှိဟု ဦးညွန့်မောင်/ဒေါ်မြရွှေ ၁၉၇၄ တရားမဒုတိယ အယူခံ အမှတ်-၃၃ မှာလည်း စီရင်ထားပါတယ်။

❖ မိသားစုစီမံမှု ကို သဘောတူညီ ပြုလုပ်ပြီးပါက ကြိုတင်တရားစွဲ တောင်းဆိုခွင့်မရှိ၊ ဖောက်ဖျက်ခွင့် မရှိသည့်အပြင် ငြင်းဆိုခွင့်လည်း မရှိပါကြောင်း၊ မပန်းစီ/မလှရင်၊ ၁၉၆၃ မတစ၊ ၈၀၀(၈၀၈) တွင်ပါရှိပါတယ်။

❖ မိသားစုစီမံမှုသည် မိသားစုအတွင်းတွင်သာ သဘောတူညီ ခွဲဝေကြသည့်အတွက် အခွင့်အရေးတို့သည် ဥပဒေနှင့် အတိအကျ ညီညွတ်နိုင်မည် မဟုတ်ပါ၊ သို့သော်လည်း ခိုင်မာပါသည်ဟု ဦးမြတ်သူ/မစောရှင် ၁၉၄၉ မတစ၊ လွှတ်တော် ၉၄၂တွင် စီရင်ထားရှိသည်ကိုတွေ့ နိုင်ပါသည်။

❖ မိသားစုဝင် အချင်းချင်း သဘောတူညီမှုရှိရန် လိုအပ်သည့်အပြင် မရွှေ့ ပစ္စည်းတွေကို ခွဲဝေကြရမှမို့ စာချုပ်စာတမ်း မှတ်ပုံတင်ရ့ုးမှာ မှတ်ပုံတင်ရန်လည်း လိုအပ်ပါသည်။

ဆရာကြီးဦးကြည်စိုး IC (အိမ်ဘုရင်) ၏ခွင့်ပြုချက်ရယူမျှဝေပါသည်။

Share This

Leave a Reply

Your email address will not be published. Required fields are marked *