မြေမျိုးကြီးများကို စိုက်ပျိုးသည့်သီးနှံ၊ စိုက်စရိတ်၊ သီးနှံထွက်ရှိမှု၊ ရေရရှိမှုတို့ကို အဓိက အခြေခံ၍ မြေအမျိုးအစားများကို ခွဲခြားထားကြောင်းမှတ်သား သိရှိရပါသည်။
RG (အစိုးရ ဆည်ရေသောက်လယ်)
RP (ပုဂ္ဂလိက ဆည်ရေသောက်လယ်)
R (မိုးကောင်းလယ်)
TR (ကန်၊ ဆည်၊ ရေဝပ်လယ်)
M (မုရင်းလယ်)
Y (ယာ)
G (ဥယျာဉ်)
KY (ကိုင်းမြေရင့်)
K (ကိုင်းမြေနု)
D (ဓနိ)
RR (ကြက်ပေါင်စေး)
GB (ကွမ်းခြံ)
GK (ကွမ်းသီးခြံ)
TG (လက်ဖက်ခြံ)
GT (ထန်းတော)
GM (သရက်ခြံ)
TY (တောင်ယာ)
မြေခွန်စည်းကြပ်နိုင်ရန် မြေအတန်းအစားအလိုက် ခွဲခြားမှုများ
************************************************************
RG1 (ပထမတန်း အစိုးရဆည်ရေသောက်လယ်မြေ)
RG2 (ဒုတိယတန်း အစိုးရဆည်ရေသောက်လယ်မြေ)
RG3 (တတိယတန်း အစိုးရဆည်ရေသောက်လယ်မြေ)
RG4 (စတုတ္ထတန်း အစိုးရဆည်ရေသောက်လယ်မြေ)
R1 (ပထမတန်း မိုးကောင်းလယ်မြေ)
R2 (ဒုတိယတန်း မိုးကောင်းလယ်မြေ)
R3 (တတိယတန်း မိုးကောင်းလယ်မြေ)
R4 (စတုတ္ထတန်း မိုးကောင်းလယ်မြေ)
မြေပိုင်ဆိုင်မှုအလိုက် ခွဲခြားထားမှုများ
*************************************
အပိုင်ရမြေ၊ ဘိုးဘပိုင်မြေ O/B (အပြာရင့်ရောင်ဖြင့် မြေတိုင်းမြေပုံထုတ်)
မြေပိုင်မြေ C
အပိုင်ဂရန်မြေ G
အငှားဂရန်မြေ L (ကြက်သွေးရောင်ဖြင့် မြေတိုင်းမြေပုံထုတ်)
လိုင်စင်မြေ H (ခရမ်းရောင်အနုဖြင့် မြေတိုင်းမြေပုံထုတ်)
စကွာတာမြေ A
မှတ်ချက်။ ။ဝန်ကြီးဌာနများ၏စီမံခန့်ခွဲသော အခြားမြေအမျိုးအစားများလည်းရှိပါသည်။
(လက်လှမ်းမီသလောက် လေ့လာစုစည်း တင်ပြထားဖြင်းဖြစ်ပါသဖြင့် လိုအပ်ချက်များ၊ ဖြည့်စွက်၊ အကြံပြုချက်များကို လေးစားစွာဖြင့် ကြိုဆိုအပ်ပါသည်။)