ဂရန်မြေနဲ့လယ်ယာမြေပုံစံ၇

By in real estate articles with 0 Comments

ဒီနေ. လယ်ယာမြေတွေဟာ ဂရန်မြေ သို.မဟုတ် မြေဌားစာချုပ်တို.နဲ. ပုံသဏ္ဌာန် အတော်လေး တူသွားပါပြီး။ စနစ်ကျသွားပြီးလို.ပြောရင် ပိုမှန်ပါတယ်။ ဒီတော့ နည်းနည်းပါးပါးလေး လွဲရင် အများစုတူနေတဲ့ ဂရန်မြေအကြောင်းကို နံပါတ်လေးတွေနဲ. ရေးပြမယ် ။
အဲဒါ ဒီနေ. “လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ ၇)” ပါပဲ။
ဂရန်မြေ (မြေဌားစာချုပ်မြေ)
1. မြေ၏ ပင်ရင်းပိုင်ရှင်မှာ နိုင်ငံတော်ပင် ဖြစ်ပါသည်။
2. သားစဉ်မြေးဆက် လက်ဝယ်ထားပိုင်ခွင့် ရှိသည်။
3. မိမိမြေပေါ်မှ အကျိုးအမြတ်တို.ကို ခံစားပိုင်ခွင့် ရှိသည်။
4. မိမိဆန္ဒအလျောက် ရောင်းချပိုင်ခွင့် ရှိသည်။
5. ပေါင်နံှပိုင်ခွင့် ရှိပါသည်။
6. ဌားရမ်းပိုင်ခွင့် ရှိပါသည်။
7. လဲလှယ်ပိုင်ခွင့်လည်း ရှိပါသည်။
8. ပေးကမ်းပိုင်ခွင့်လည်း ရှိပါသည်။
9. အမွေဆက်ခံပိုင်ခွင့် ရှိပါသည်။ (စာချုပ် မှတ်ပုံတင်ရပါမည်)
10. အကျိုးတူ ဖက်ဆက်လုပ်ပိုင်ခွင့် ရှိသည်။
11. နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှု ဥပဒေနှင့်ညီလ ျှင် နိုင်ငံခြား အဖွဲ.အစည်းနှင့်လည်း ပူးပေါင်း လုပ်ကိုင်နိုင်သည်။
အထက်ပါ ၁၁ ချက်လုံးကို “လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်” ရရှိသူတွေက တစ်ထပ်တည်း ခံစားလို.ရပါသည်။
ဒါပေမဲ့ “လယ်ယာမြေ” မှာလည်း ဒီစည်းကမ်းလေးတွေ ရှိပါတယ်။
• ဦးစီးဌာနက သတ်မှတ်တဲ့ နှုန်းထားအတိုင်း တံဆိပ်ခေါင်းခွန်ကပ်ပြီး မြို.နယ်ဦးစီးဌာနရုံးမှာ စာချုပ် ချုပ်တိုင်း မှတ်ပုံတင်ရပါမည်။
• အမှတ်စဉ် (5) ပေါင်နံှခြင်းကိစ္စမှာတော့ စိုက်ပျိုးထုတ်လုပ်မှုအရင်းအနှီးအတွက်သာ အစိုးရ အသိအမှတ်ပြုသော ဘဏ်တို.တွင် ပေါင်းနံှရမည် ဖြစ်ပါသည်။
• ခွင့်ပြုချက် မရှိဘဲ “လယ်ယာမြေ” ကို အခြားနည်းသုံးစွဲ၍ မရပါ။

ဆရာကြီးဦးကြည်စိုး IC (အိမ်ဘုရင်) ၏ခွင့်ပြုချက်ရယူမျှဝေပါသည်။

Share This

Leave a Reply

Your email address will not be published. Required fields are marked *